Skip to content Skip to sidebar Skip to footer

တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ TNLA ပြော (ရုပ်/သံ)

တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ TNLA ပြော (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅

ပြည်သူလူထုတွေရဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် တရုတ်ရဲ့ ကြားဝင် ညှိနှိုင်းဆွေးနွေးမှုနဲ့ အတူ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောပါတယ်။

တရုတ်အစိုးရဟာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီ တို့အကြား အပစ်ရပ်ရေးကြားဝင်ဆောင်ရွက်မှု ပြုလုပ်ပြီးတဲ့နောက် TNLA နဲ့ပါ ဆွေးနွေးရေး ဖြစ်မြောက်အောင် စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် TNLA ဘက်က အခုလို တုန့်ပြန်လာတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့ဆုံးရှုံးထားတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရက်ဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေးမှုအတွက်ကိုပါ အတင်းအကြပ် ဖိအားပေးတဲ့သဘော သက်ရောက်စေတာဖြစ်တယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဗိုလ်မှူးနောင်ရိုးက ဧရာဝတီကို ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့မြို့တွေ၊ ကျေးရွာ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #TNLA #MNDAA #Politic
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Leave a comment

0.0/5

Subscribe for the updates!